Monday, 6 April 2015

ရခိုင်ဘုရင်မဟာသမ္မတရာဇာ နှင့် အမရပူရဘိုးတော်မောင်ဝိုင်း အမေးအဖြေ

အမရပူရဘိုးတော်မောင်ဝိုင်း က ရခိုင်ဘုရင် မဟာသမ္မတမင်း ကိုမေးမြန်းခြင်း…
ဘိုးတော်မောင်ဝိုင်း (၁) ရခိုင်မင်းသည် အဘယ်ကြောင့် စစ်ဆိုင်၍မတိုက်သနည်း ?
မဟာသမ္မတမင်း (၁) အမရပူရမင်းသည် စစ်ထိုးမည့်အကြောင်းကို ရာဇသံနှင့်တမန်မရောက်လေသောကြောင့် မတိုက်နိုင်။
ဘိုးတော်မောင်ဝိုင်း (၂) ရခိုင်ဘုရင်သည် နန်းကဆင်း၍အဘယ်ကြောင့် ပြေးလေသနည်း ?
မဟာသမ္မတမင်း (၂) ဘုရာသခင်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းသည် ဇမ္ဗုပတိမင်းကိုကြောက်၍ ပြေးရဖူးသကဲ့သို့ ပြေးရပေသည်။
ဘိုးတော်မောင်ဝိုင်း (၃) ရခိုင်မင်းသည် ပြေးလျှင်အဘယ်ကြောင့် မလွတ်လေ သနည်း ?
မဟာသမ္မတမင်း (၃) ကိုယ်ရံတော် သက်တော်စောင့်တို့မရှိလေသောကြောင့် မလွတ်နိုင်ဖြစ်လေသည်။
ဘိုးတော်မောင်ဝိုင်း (၄) ရခိုင်မင်းများမှာ ပိဋကတ်ဗေဒင်တတ်သိလိမ္မာသူတို့ မရှိလေသလော ?
မဟာသမ္မတမင်း (၄) အမရပူရမင်းမှာ ပိဋကတ်ဗေဒင်တတ်သိ လိမ္မာသူတို့ မရှိလေသောကြောင့် သူတပါးနိုင်ငံကို တိုက်ဖျက်လုယက်လေသလော ? ဟု ပြန်လှန် မီးတော်မူရေအခါ အမရပူရဘိုးတော်မောင်ဝိုင်း လည်း ဆက်လို့မမီးတောဘဲ ငြိမ်ပြီး နီတော်မူရေလို့ ရာဇဝင်သမိုင်းမှတ်တမ်းမှာ ထင်ထင်သျှားသျှား တွီ့မြင်နိုင်ပါသည်။
[ ရှင်းလင်းချက်။ ။ “ရက္ခပူရကြေးမုံကျမ်း”

No comments:

Post a Comment